GOLDEN SUNLAND CO., LTD. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်ဌာနများ အကြား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် နေပြည်တော်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေး မြို့နယ်၊ ပျံချီကျေးရွာအုပ်စုရှိ Golden Sunland Co., Ltd. ၏ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ခြင်း လုပ်ငန်း နေရာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။