
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့ နံနက် ၉:၃၀ နာရီတွင် Hilton Hotel၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် World Bank Group မှ Senior Private Sector Specialist ဖြစ်သူ Mr. Charles Schneider တို့မှ အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် World Bank Group မှ Consultant ဖြစ်သူ Mr. SufianJusoh နှင့် Legal Consultant ဖြစ်သူ Mr. Chris Hughes တို့မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပါဝင်သည့် အဓိကပြဋ္ဌာန်းချက်များနှင့် နည်းဥပဒေများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ဆောင်ရွက်သင့်သည့် အချက်များနှင့်စပ်လျဉ်း၍ power point များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့World Bank Group မှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။