တရုတ်−မြန်မာ နယ်နမိတ် စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆွေးနွေးပွဲ (၂၀၁၉)သို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာသိမ့်သိမ့်မိုး နှင့် ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်စန်းစန်းထွေးတို့ အပါအဝင် အဖွဲ့ဝင် (၁၄) ဦးတို့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ တွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “တရုတ်-မြန်မာ နယ်နိမိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆွေးနွေးပွဲ (၂၀၁၉)”သို့ တက်ရောက်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ထွက်ခွာခဲ့ပါသည်။