![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ဦးစားပေး ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်းသည့် ကြေညာချက်
၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၀/၂၀၁၆ ဖြင့် ပြဌာန်းပေးခဲ့ပြီး၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ အတည်ပြု ပေးခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင် များမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လွယ်ကူမြန်ဆန်စွာဖြင့် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် အောက်ဖော်ပြပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများအား အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက် သွားမည် ဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်အပ်ပါသည်-
(က) လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေး အခြေခံ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ။
(ခ) တိရိစ္ဆာန် မွေးမြူထုတ်လုပ်ခြင်း နှင့် ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများ။
(ဂ) ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများ။
(ဃ) သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ။
(င) လျှပ်စစ်ဓါတ်အားပေးရေးကဏ္ဍဆိုင်ရာလုပ်ငန်းများ။
(စ) ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများ။
(ဆ) ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ။
(ဇ) ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ။
(ဈ) တန်ဖိုးနည်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းများ။
(ည) စက်မှုမြို့တော်တည်ဆောက်မှု လုပ်ငန်းများ။
၃။ သို့ဖြစ်ပါ၍ အထက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာ တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်