“HTOO HTOO TOE INTERNATIONAL CO.,LTD” သို့ကွင်းဆင်းခြင်း

Print Friendly, PDF & Email

တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ဦးဆောင်သော သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ Htoo Htoo Toe International Co.,Ltd ၏ BOT စနစ်ဖြင့် ဆိပ်ခံတံတား တည်ဆောက်ခြင်းလုပ်ငန်း၊ တစ်နေ့တန်(၁၀၀)ကျ ရေခဲစက်ရုံနှင့် တစ်နေ့ တန်(၂၀)ကျ ငါးအမှုန့်ကြိတ် စက်ရုံလုပ်ငန်းတို့အား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်နေ့တွင် သွားရောက်ကွင်းဆင်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။