စင်ကာပူနိုင်ငံ၊ MINISTRY OF TRADE AND INDUSTRY မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

Print Friendly, PDF & Email

စင်ကာပူနိုင်ငံ၊ Ministry of Trade and Industry မှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Rossman Ithnain နှင့် အဖွဲ့သည် ၁၃-၆-၂၀၁၆ ရက်နေ့ နံနက် ၁၆: ၃၀ နာရီတွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်၍ မြန်မာ-စင်ကာပူ ဝန်ကြီးအဆင့်ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။