မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ပထမအတွင်းဝန် MR. NAOYA KISHI နှင့်တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ပထမအတွင်းဝန်ဖြစ်သူ Mr. Naoya KISHI သည် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနရုံးသို့ ၁၆-၆-၂၀၁၆ ရက်နေ့ နေ့လည် (၂:၀၀) နာရီတွင် လာရောက် တွေ့ဆုံပြီး  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။