MYANMAR GIGI LEATHER GOODS MANUFACTORY CO., LTD. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်နှင့် အမျိုးသမီးသုံး လက်ကိုင်အိတ်များ၊ ခေါက်ပိုက်ဆံအိတ်နှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်ခြင်း လုပ်ငန်းဆောင် ရွက်လျက်ရှိသည့် မြေကွက် အမှတ်-၉၆ ၊ မြေတိုင်းရပ်ကွက်အမှတ်-၅၁ ၊ သာဓုကန်စက်မှုဇုန် ၊  ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar GIGI Leather Goods Manufactory Co.,Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန နှင့် အလုပ်သမား ညွန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ပြီးစီး မှုအခြေအနေ၊ အလုပ်သမား ခန့်ထားမှု ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ ၊ ရင်းနှီး မြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေ စသည်များကို ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။