
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ပြုစုခဲ့သည့် Mandalay Investment Opportunities Survey Report အား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့၌ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် JICA မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦး ခန့် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ JICA Investment Promotion Advisor ဖြစ်သူ Mr. Toru HOMMA က ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသို့ Mandalay Investment Opportunities Survey Report အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။