![](/wp-content/uploads/2023/06/mifer.png)
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများစာရင်း သတ်မှတ်ထုတ်ပြန်နိုင်ရေး ကိစ္စနှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ ဦးဆောင်၍ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများစာရင်းတွင် ပါဝင်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တက်ရောက်လာသူများနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။