တံခူးစက်မှုလက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဌာနများအကြား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်အုပ်စုရှိ သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနေရာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့သည်။