GLOBAL HANGER COMPANY LIMITED သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် ချိတ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောက်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၁၀၈၊ သီလဝါစက်မှုဇုန်၊  သန်လျင်-ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Global Hanger Company Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့်ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။