
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦးနှင့် အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ သောက်ရေသန့် ထုတ်လုပ်ခြင်းလုပ်ငန်း၊ တစ်ရှူးထုတ်လုပ်ခြင်းလုပ်ငန်း၊ အနွေးထည်၊ ဂျာကင်များတွင် အသုံးပြုသည့် Synthetic Resin များထုတ်လုပ်သည့် လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် ထုတ်လုပ်သည့်လုပ်ငန်း၊ Wearing Apparel ချုပ်လုပ်ခြင်းလုပ်ငန်း၊ အိမ်သုံးလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများသို့ သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်ရာတွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။