တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ သတ်မှတ်ချိန်အတွင်းပြန်လည်မှတ်ပုံတင်နိုင်ရန် တိုက်တွန်းနှိုးဆော်ခြင်း

Print Friendly, PDF & Email

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ မတိုင်မီကမှတ်ပုံတင်ထားခဲ့ကြသော ကုမ္ပဏီများ နှင့်အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကျင့်သုံး ဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင်၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လကာလအတွင်း သတ်မှတ်ပုံစံ နည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ကြရန် အသိပေးပြီးဖြစ်ပါသည်။

ယခုအခါ ပြန်လည်မှတ်ပုံတင်ရန်ကာလ ကုန်ဆုံးရန် ယနေ့ ၁ ရက်သာ ကျန်ရှိပါသဖြင့် အဆိုပါ ကုမ္ပဏီများနှင့်အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြန်လည်မှတ်ပုံတင် ဆောင်ရွက်နိုင်ကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။

                                                          ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန