ချီဖွေငယ်ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်  ၉၉ မဂ္ဂါဝပ်ရှိ ချီဖွေငယ်ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် ရစ်ဂျော်ကျေးရွာအုပ်စု၊ ချီဖွေမြို့နယ်၊ ကချင်ပြည်နယ်ရှိ ချီဖွေငယ်ရေအား လျှပ်စစ်ကုမ္ပဏီ လီမိတက်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည်  ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် အခက်အခဲများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သွားရောက်ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။