မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပ‌ဒေနှင့်အညီဆောင်ရွက်နေသည့် ကွန်ကရစ်ကျောက်တိုင်များထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်း၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့်ရှူးဖိနပ် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့အား ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက် နေ့တွင် သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။