
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ တည်ဆောက်မှု ကာလ တိုးမြှင့်ခွင့် တင်ပြလာခြင်းအပေါ် ဆွေးနွေး အတည်ပြုပေးခဲ့ပါသည်။
ရှမ်းပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၂ ခု၊ ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၆၃.၂၁ သန်းကို ခွင့်ပြုပေးထားပြီး စုစုပေါင်း မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၈၁ ခု၊ ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅၂၇.၉၆ သန်း အပါအဝင် ကျပ်သန်း ၁,၃၃၃,၈၇၅.၆၆ ကို ခွင့်ပြုပေးထားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင်ခွင့်အလမ်းပေါင်း ၁၃,၁၆၉ နေရာကို ဖန်တီးခဲ့ပြီး ဖြစ်ပါသည်။