
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion – GMS) အစီအစဉ်အရ ဖွဲ့စည်းခဲ့သည့် ဂျီအမ်အက်စ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းအဖွဲ့ (GMS Taskforce on Trade and Investment – GMS TFTI) ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ လ ၂၈ ရက်နေ့တွင် Web Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ GMS အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ GMS TFTI အဖွဲ့ဝင်များနှင့် Asian Development Bank (ADB) မှ ကိုယ်စားလှယ်များပါဝင် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက် လာသူများက TFTI ဆိုင်ရာလုပ်ငန်းညွှန်းတမ်းနှင့် လုပ်ငန်းအစီစဉ် (မူကြမ်း) တို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။