
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
(ထားဝယ်၊ မေ ၁၄)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းများစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန် များကို စိတ်ကောင်း၊ စေတနာကောင်းဖြင့် အစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှာ ရုံးအင်္ဂါနှင့် ညီညွတ်သည်ကို တွေ့ရှိရပြီး ရုံးသာယာလှပရေးနှင့် လုံခြုံရေးကိုလည်း အလေးထားရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကို ဥပဒေနှင့် အညီ ကူညီပံ့ပိုး ပေးစေလိုပါကြောင်း၊ မိမိတို့ဒေသ၏ အားသာချက်များကို အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် မြှင့်တင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ သွားရောက် ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အခက်အခဲများ ကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။