ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(ကာလတို) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများကို ခေါင်းဆောင်မှု စွမ်းရည် မြှင့်တင်နိုင်ရန်၊ ဌာနတွင်းစီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်စေရန်နှင့် နိုင်ငံ့ဝန်ထမ်း ဉပဒေ၊ နည်းဉပဒေ များ ပိုမိုကျွမ်းကျင်စွာ ကျင့်သုံးနိုင်ရန် ရည်ရွယ်၍ ရက်သတ္တပတ် ၁ ပတ်ကြာ ဖွင့်လှစ်မည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (ကာလတို) ဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌၂၀၂၁ခုနှစ်၊ မေလ ၁၇ ရက် နေ့လည် ၁ နာရီတွင် ကျင်းပ ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများ၊ သင်တန်းသား/သူ(၃၅)ဦး အပါအဝင် စုစုပေါင်း ဝန်ထမ်း ၄၈ ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။