မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပလတ်စတစ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် စကျင်ကျောက်ပြားနှင့်စကျင်ကျောက်မှုန့် (CaCo3)ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းတို့သို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် သွားရောက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။