
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရအဖွဲ့အစည်းဖြစ်သည့် InvestHK ၏စီစဉ်မှုဖြင့် Startmeup HK Festival ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထို့အပြင် FinTech Week 2022 ကိုလည်း ဟောင်ကောင်ဒေသ၌ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲများအား Hybrid ပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ကာ စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Startmeup HK Festival နှင့်စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များကို http://www.startmeup.hk/startmeuphk-festival-2022/ တွင် လေ့လာနိုင်ပြီး မှတ်ပုံတင်စာရင်းပေးသွင်းရမည့်လုပ်ငန်းစဉ်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။ Hong Kong FinTech Week 2022 အတွက် http://www.fintechweek.hk/pre-register-2022 တွင် ကြိုတင်မှတ်ပုံတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကျင်းပမည့်အစီအစဉ်ကို ထပ်မံ၍ ကြေညာပေးသွားမည်ဖြစ်ပါသည်။