
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
POSTED ON 01 NOVEMBER 2022
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် စုစုပေါင်းအဖွဲ့ဝင် (၆) ဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ခရမ့်ရာဘာနှင့် ရာဘာအမျိုးမျိုး ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းတစ်ခုအား ခွင့်ပြုပေးခဲ့ပါသည်။ ထို့အပြင် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်လျှောက်ထားခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို ဆွေးနွေး ပြောကြားခဲ့ပါသည်။