ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(ARIC)၏ အတည်ပြုမိန့်ဖြင့် ပုသိမ်မြို့နယ် တွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသည့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ပိုင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။