ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဆောင်၍ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည်  ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ဘားအံမြို့နယ်ရှိ စိုက်ပျိုးသီးနှံအမျိုးမျိုးကြိတ်ခွဲထုတ်လုပ်သည့် ဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။