ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ

Print Friendly, PDF & Email

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင်   ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုမှ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် အားကစားလက်အိတ်များ ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် အတည်ပြုမိန့် လျှောက်ထားလာခြင်းတို့အပေါ် ဆွေးနွေးခဲ့ကြပါသည်။