
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော Wuxi HuaGuang (Myanmar) Company Limited ၏ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံအား အဆင့် မြှင့်တင်ပြုပြင်ခြင်းနှင့် ဘွိုင်လာအသစ်တည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် Dragon Cement Co., Ltd.၏ ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်း တို့ကို ၂၂-၁-၂၀၂၁ ရက်တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။