
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
POSTED ON 09 DECEMBER 2022
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၄/၂၀၂၂ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ Producing and Exporting of the Wood Pellets လုပ်ငန်း၊ ဆန်စပါးအခြေခံ တန်ဖိုးမြှင့်ဆန်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့၏ တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်း၊ ပင်မအဖွဲ့အစည်း အမည်ပြောင်းလဲခြင်းနှင့် လုပ်ငန်းအမျိုးအစား ပြောင်းလဲခြင်းတို့အတွက် တင်ပြလာမှုများကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။