
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေး၌ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ဆွေးနွေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော Unboxing Investment Facilitation Toolkit 2022 ၏ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် (DICA Online Solution – DOSo) စနစ်၊ တစ်နေရာတည်း၌ အလုံးစုံ ဝန်ဆောင်မှု ပေးသည့်အဖွဲ့ ( One Stop Service) ၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedures)၊ Cost of Doing Business in Myanmar Survey Report 2022 နှင့် DICA info Android Mobile Application တို့ကို တက်ရောက်လာသူများအား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။