စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုကွင်းဆင်းကြည့်ရှုအားပေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ ဆန်ကြိတ်ခွဲခြင်းနှင့် ဆန်ဖွတ်ချောသန့်စင် ထုတ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် သိုးမွှေးထုတ်ကုန်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် သွားရောက်၍ စီးပွား ဖြစ်စတင် လည်ပတ်ထုတ်လုပ်မည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 5.0) အား လိုက်နာ‌ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။