ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

Print Friendly, PDF & Email

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုမှ တင်ပြလာသော မတည်ငွေရင်း တိုးမြှင့်ခြင်းနှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းများအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါကုမ္ပဏီများ၏ ရင်းနှီး မြှုပ်နှံမှု ပမာဏတိုးမြှင့်ခြင်းကြောင့် တိုင်းဒေသကြီးအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆.၃၃ သန်းခန့် ဝင်ရောက်လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပါသဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ရရှိနိုင်မည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁ရက်နေ့မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၁၀ နှင့် ကျပ်ငွေ ၈ ဘီလီယံ ကျော် ဝင်ရောက်ခဲ့ကာ အလုပ် အကိုင် အခွင့်အလမ်း ၅၀၀၀ခန့် ဖန်တီးပေးနိုင်ခဲ့ပါသည်။