ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂ ) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို  ၂၀၂၂ နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ‌ ကျော်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၀.၄၁၈ သန်းအပါအဝင် မြန်မာကျပ်ငွေ ၃၁၁၀.၈၅၃ သန်း တန်ဖိုးရှိ အိမ်ရာဆောက်လုပ်ငှားရမ်းရောင်းချခြင်း လုပ်ငန်း တစ်ခုကို အတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါလုပ်ငန်းအနေဖြင့် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၅) နေရာစာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။