နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာန၊ ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်ပြုမိန့်ဖြင့် မျိုးစပါးစိုက်ပျိုးထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်း သို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက်၍  လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ အား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။