ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးသို့ လာရောက်ကြည့်ရှုအားပေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်  ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ဦးစီးမှူးရုံးသို့လာရောက်ခဲ့ပြီး  ဝန်ထမ်းများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး၊ ဝန်ကြီးဌာန၊ ဦးစီးဌာနဆိုင်ရာ လုပ်ငန်းတာဝန်များ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရုံးလုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်၊ ဝန်ထမ်းများစည်းလုံးညီညွတ်မှုရှိရန်၊ ကျန်းမာရေးဂရုပြုရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်ရန်၊ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့ပြင် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ၏ တင်ပြချက်များအား မှတ်သားဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နေပြည်တော်ဦးစီးမှူးရုံးသည် တာဝန်ထမ်းဆောင်ရမှုများပြား၍ ကြိုးစား ဆောင်ရွက် သွားရန်၊ အခက်အခဲများရှိပါကလည်း လျင်မြန်စွာတင်ပြဖြေရှင်းဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။