ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လွိုင်ကော်မြို့နယ်အတွင်း ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပျိုးပင်များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (၂)ခုနှင့် သစ်ခွနှင့်အခြားပျိုးပင်များ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့သို့ ၂၀၂၂ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။