နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် အထူးဖိတ်ကြားထားသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဒေသဖွွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် ဥစားကြက်မွေးမြူ ရောင်းချခြင်းလုပ်ငန်းနှင့် ဝက်မွေးမြူရောင်းချခြင်း လုပ်ငန်းတို့ ဆောင်ရွက် လျက်ရှိသည့် နေရာများသို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။