
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
POSTED ON 16 DECEMBER 2022
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု တို့ကိုအတည်ပြုပေးခဲ့ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၄၀၈၀.၅၀ သန်း နှင့် အမေရိကန်ဒေါ်လာ ၀.၅၀ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း (၂) ခုတို့မှ ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်း ၂၉၅ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များတင်ပြလာသည့် ကုမ္ပဏီ (၁၆) ခုအနက် ကုမ္ပဏီ (၄) ခုတို့အား မတည်ငွေရင်း ပမာဏအမေရိကန်ဒေါ်လာ၂.၄၈၃ သန်း တိုးမြှင့်ခွင့်နှင့်ကုမ္ပဏီ (၁) ခု မှပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၅၀၀ ဦးအတွက် တိုးမြှင့်ခန့်ထားခွင့်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။