တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်၍ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။