မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများအပေါ် ဆွေးနွေးခြင်းနှင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က  ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများအပေါ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။