
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဇွန် လ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ပါသည်။
အဆိုပါအစည်းအဝေးတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အရောင်တင်ခြင်း၊ ရောင်းချခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်း ၁ ခုနှင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် နေစွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း ၂ ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။