တနင်္သာတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက်အစည်းအဝေး

Print Friendly, PDF & Email

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို နှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက BOT စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်းအပေါ် ကုတင် (၅၀) ဆံ့ ပုဂ္ဂလိကဆေးရုံတည်ဆောက်၍ ဆေးရုံဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေခြင်းအပေါ် ကုတင် (၅၀) ဆံ့မှ ကုတင် (၁၀၀) ဆံ့ သို့ တိုးမြှင့်ဆောင်ရွက်ခွင့်နှင့် မြေနေရာတိုးမြှင့်၍ အဆောက်အဦ ဆောက်လုပ်ခွင့်ပြုပါရန်တင်ပြလာခြင်းကို တနင်္သာရီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။