စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ ဆန်ကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဆန်စပါးအခြေခံ တန်ဖိုးမြှင့် ဆန်နှင့် ဆန်ကွဲ ထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် သွားရောက်၍ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏  အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 5.0) အား လိုက်နာ‌ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။