
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့ရှိ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ဖြင့် ဆန်ကြာဆံအမျိုးမျိုးနှင့် ဆန်မှုန့်ကဲ့သို့ ဆန်ထွက်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်းသို့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကြီးကြပ်ရေးအဖွဲ့က စက်ရုံ၏ တည်ဆောက်ရေးကာလအတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။