တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မူဝါဒဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် OECD တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မူဝါဒဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၈ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲမှာတာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အစိုးရနှင့်ပုဂ္ဂလိကတို့အကြားအပြန်အလှန် အသိအမြင်များဖလှယ်နိုင်ရန်၊အရှေ့တောင်အာရှနှင့် ကမ္ဘာအဝန်းတွင် အစိုးရအနေဖြင့်  ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်မှုဆိုင်ရာနည်းလမ်းများကိုဝေမျှပေးရန်နှင့် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအားပေးရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် OECD မှMs. Tihana Blue က “Promoting and Enabling Responsible Business Conduct”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Mr. Pierre-Andre’ Cordey က “Swiss Policy Instruments: Recent Developments” ခေါင်းစဉ်ဖြင့်လည်းကောင်းရှင်းလင်းတင်ပြခဲ့ကြပြီးတာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများဖြစ်ပေါ်လာစေရေးအတွက် အားပေးမြှင့်တင်မှုများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အစိုးရဌာနများအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ OECD မှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ UMFCCI မှ ကိုယ်စားလှယ်များစုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။