Socio-Economic Atlas of Myanmar စာအုပ်အား ဝယ်ယူနိုင်ပါကြောင်း အသိပေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန နှင့် GIZ တို့ပူးပေါင်း၍  မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ အခွင့်အလမ်းများစွာကို ဖော်ပြထားသည့် “The Socio-Economic Atlas of Myanmar”စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။

အဆိုပါ စာအုပ်တွင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများထံသို့ အသုံးဝင်မည့် သတင်း အချက်အလက်များ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တက်လာစေရန်အတွက် The Socio-Economic Atlas of Myanmar တွင် မြန်မာနိုင်ငံ၏ ရေမြေအနေအထား၊ လူဦးရေ၊ ရာသီဥတု၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး ကဏ္ဍအသီးသီးနှင့် စပ်လျဉ်း၍ မြေပုံများ၊ အကျဉ်းချုံး ဖော်ပြချက်များစသည့် အချက်အလက်ပေါင်းများစွာကို ထည့်သွင်းဖော်ပြ ထားပါသည်။

အဆိုပါThe Socio-Economic Atlas of Myanmar”စာအုပ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံး၌ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၀ အား ငွေသားဖြင့် ပေးချေ ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ဆက်သွယ်ရန် :

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနခွဲ

ဖုန်း၀၁-၆၅၈၁၃၂

အီးမေးလ် dica.ip.mm@gmail.comdica@mptmail.net.mm