
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် Mekong Institute တို့ ပူးပေါင်း၍ စတုတ္တအကြိမ်မြောက် Mekong-ROK Business Forum ကို “Realizing Investment Opportunities in Mekong Sub-region” ခေါင်းစဉ်ဖြင့် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ အဆင့်မြင့်အရာရှိများ၊ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ First Vice Minister Mr. Lim Sung-nam ခေါင်းဆောင် သော အဆင့်မြင့်အရာရှိများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။
ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ 1st Vice Minister Mr. Lim Sung-nam တို့မှ အဖွင့်အမှာစကား ပြောကြားကြပါသည်။
အဆိုပါဖိုရမ်တွင် မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ကိုရီးယားသမ္မတ နိုင်ငံတို့မှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များက မဲခေါင်ဒေသတွင်း၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်စေရန်အတွက် အနာဂတ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် မဲခေါင်ဒေသနိုင်ငံများ နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။