
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်တုန်းပြည်နယ်အစိုးရနှင့် ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Wyndham Hotel ၌ Myanmar-China (Guangdong) Trade and Investment Cooperation Conference ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင် တက်ရောက်ပြီး Investment Cooperation Opportunities in Myanmar ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။