ပြန်လည် မှတ်ပုံတင်ရန် ပျက်ကွက်သော ကုမ္ပဏီများသို့ အသိပေးကြေညာချက်

Print Friendly, PDF & Email

ပြန်လည် မှတ်ပုံတင်ရန် သတ်မှတ်ကာလ (၆) လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် မှတ်ပုံတင်ရန်ပျက်ကွက်သော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများ အပိုဒ် ၄ (ဃ) နှင့်အညီ သတ်မှတ်အခကြေးငွေပေးဆောင်၍ ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် မှတ်ပုံတင်ခြင်းအား ကိုယ်တိုင်လာရောက် ဆောင်ရွက်ကြပါရန် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

ပြန်လည် မှတ်ပုံတင်ရန် ဆောင်ရွက်ပေးမည့် နောက်ဆုံးရက်ဖြစ်သော ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့သည် စနေနေ့ ရုံးပိတ်ရက်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်ရုံးချုပ်) တွင် ကုမ္ပဏီပြန်လည်မှတ်ပုံတင်ခြင်းများအား နံနက် ၁၀:၀၀ နာရီမှ မွန်းလွဲ ၁၆:၃၀ နာရီအထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါနေ့ရက်သည် ဘဏ်ပိတ်ရက်ဖြစ်ပါသဖြင့် သတ်မှတ်အခကြေးငွေ ပေးဆောင်ရန်အတွက် ငွေသားအစား ဘဏ်ကတ်ဖြင့်သာ သတ်မှတ်အခကြေးငွေ ပေးဆောင်နိုင်မည်ဖြစ်ပါကြောင်းနှင့် ပြန်လည်မှတ်ပုံတင်ကိစ္စစာရင်းသွင်းခြင်းအား အချိန်မီဆောင်ရွက်နိုင်ကြပါရန် အသိပေးကြေညာအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန