ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာမြို့နယ်ရှိ နှမ်းဆီမွှေး၊ နှမ်းဆီနှင့် နှမ်းကွတ်ကီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းသို့ လည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်တို့တွင် CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်း၊ Optoelectronic Devices အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ အားကစားသုံး ပစ္စည်းအမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများသို့ လည်းကောင်း ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထိုသို့ သွားရောက်ရာတွင် အဆိုပါ လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစီအမံများအား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။