
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel ၌ The EUROCHAM Myanmar အဖွဲ့အစည်းမှ စာအုပ်မိတ်ဆက်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေသစ်နှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ Business Guide Book တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ပြည့်စုံစွာဖော်ပြထားပြီး၊ စီးပွားရေးကဏ္ဍအလိုက် အသေးစိတ်လမ်းညွှန်ချက်များအနေဖြင့် အပိုင်း (၅)ပိုင်းခွဲခြားလျက် Energy Sectorial Guide , Agricultural Sectorial Guide, Manufacturing Sectorial Guide, Consumergoods Guide, Healthcare Guide စသည်ဖြင့်ပါဝင်ပြီး www.eurocham-myanmar.org တွင် Download ပြုလုပ်နိုင်ပါသည်။ အဆိုပါ Guide Book သည် အီးယူနိုင်ငံများမှ ရင်းနှီမြုပ်နှံသူများအား တိကျသော အချက်အလက်များ ပံ့ပိုးပေးခြင်းဖြင့် ရင်းနှီးမြုပ်နှံမှုများ ဆွဲဆောင်မှုအတွက် ထိရောက်သည့် အထောက်အထားစာတမ်းတစ်ခုဖြစ်ပါသည်။